တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြမြို့တွင်ပြုလုပ်သည့် “ဦးဘချို” စာကြည်တိုက် ဖွင့်ပွဲနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (မြောင်းမြမြို့နယ်) ရုံးဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ဖွင့်လှစ်
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ မတည်ငွေ သိန်း (၁၅၀) ၊ ပြည်သူထည့်ဝင်ငွေ သိန်း (၆၈၀) ၊ စုစုပေါင်းသိန်း (၈၃ဝ) ဖြင့် ဆောက်လုပ်သည့် “ဦးဘချို” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၉) ရက်နေ့လည်ပိုင်းက မြောင်းမြမြို့၊ အမှတ် (၅) ရပ်ကွက်၊ မြိုင်မာလာ (၁) လမ်းရှိ အဆိုပါစာကြည့်တိုက်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။