ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတ‌နော်မြို့၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျုံတုံးကြီးကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ FAMOUS (SBP) Energy စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ် ပြခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ်တွင် အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်း လမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်သည်။

ဖျာပုံမြို့၌ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှတာဝန်ရှိသူများသည်  မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဥ်မောင်းနှင်ကြသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို့ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။

ဘိုကလေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ပန်းတနော်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရွှေလှေကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းနှင့် မင်းတစုကျေးရွာရှိ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး