ပန်းတနော်မြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။