ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ၅၃ ဦး၊ သင်ပြထူးချွန် ဆရာ၊ ဆရာမ ၅၀ ဦးနှင့် ထူးချွန်အောင်မြင်စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများအား  ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်စာမေးပွဲတွင် ကြံခင်းမြို့နယ်အတွင်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ပြထူးချွန် ဆရာ၊ ဆရာမများနှင့် ထူးချွန် အောင်မြင်စွမ်းဆောင်ပေးခဲ့ကြသော ကျောင်းများအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌  ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့၌ ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုနှင်းသဘင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကံ့ကော်မြိုင်ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာ ရည်ချွန်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က "မေဆောင်"ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီတို့ပူးပေါင်းစီစဉ်သော မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကျင်းပ

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး ဧရာဝတီတိုင်း ရိုးရာလက်ဝှေ့ဆပ်ကော်မတီနှင့် အားကစားကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းစီစဥ်သော မြန်မာ့ရိုးရာလက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မအူပင်ခရိုင်၊ ပန်းတနော်မြို့ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊‌ ဒေးဒရဲမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောင်းမြမြို့တွင် လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မဒေါ့ပင်စံပြကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့တော်ခန်းမတွင် ခရိုင်အဆင့် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်ခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမီတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား ယမန်နေ့ နံနက် ၁၀ နာရီက မအူပင်မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

​​​​​​​ကြံခင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်တိုးစေရေးအတွက် တောင်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ မိုးစပါးပန်တိုင်အထွက်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေးဟောပြောခြင်းနှင့် တောင်သူများထံသို့ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး)သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန်အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး