ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြခရိုင်တွင် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Book Club အဖွဲ့နှင့် စာ​ရေးဆရာမမစန္ဒာရေးသားသည့် အရိပ်ဝတ္ထစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ အာဟာရအသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ဩဂုတ်လ (၂၈)ရက်၊ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

ဒေးဒရဲမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများရရှိစေရေးနှင့် လူသားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် ဓာတ်မြေဩဇာအိတ်များနှင့် အရည်အသွေးမြင့် Drum Seeder များပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် တောင်သူများအား ဓာတ်မြေဩဇာအိတ်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးခြင်းနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသေးစား စက်ရုံ၊ အလုပ်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဟင်္သာတမြို့ အခြေခံပညာကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ‌တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံခရိုင်အဆင့် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဥ်ပြိုင်နိုင်ရေး(ခရိုင်အဆင့်ပြိုင်ပွဲ)ကို ဩဂုတ်လ ၂၈ ရက်နေ့ က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ဂုံမင်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ဂုံမင်းကျေးရွာအုပ်စုရှိ မဲဆန္ဒရှင် များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး(စတုတ္တ)ရက်သတ္တပတ် လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (စတုတ္တပတ်) အဖြစ် အိုင်အိုဒင်းဓါတ် စစ်ဆေးခြင်းကို ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းဝေးခန်းမနှင့် သီရိရွှေသာဈေးတွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး