ဧရာဝတီတိုင်းဒေသကြီး

ငွေဆောင်မြို့၊ အခြေခံပညာစာသင်ကျောင်းများ၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ၊ Grade–5 နှင့် Grade – 9 နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ရှိ အခြေခံပညာစာသင်ကျောင်း၌ ယနေ့နံနက် ၉ နာရီကစတင်၍ ၂၀၂၅- ၂၀၂၆ပညာသင်နှစ်၊ Grade–5 (မြို့နယ်အဆင့်) နှင့် Grade–9 (ခရိုင်အဆင့်)နှစ်ဆုံးစာမေးပွဲအား စတင်ကျင်းပခဲ့ရာ ကျောင်းသား / သူလေးများက အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့ရှိ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ကြိုးကြာကွင်းကျေးရွာရှိ "စိုးစံ" ဆန်စက်နှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံ ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။

လပွတ္တာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးအတွက် သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သာလိကာကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးအတွက် သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ကြံခင်းမြို့နယ်၊ အ.ထ.က(မျောက်ချောကုန်း)တွင် ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း(မျောက်ချောကုန်း)တွင် ‌ကျောင်းအခြေပြု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နယ်မြေခံသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည်။

ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်၊ ညောင်တုန်းမြို့၊  ပုဏ္ဏမာရာမဈေးကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဩသဓာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် မြို့ဌာနဆိုင်ရာများနှင့် Myanmar Underwater Federationမှ ဦးဆောင်၍ “7th Beach Clean Up” စုပေါင်းအမှိုက်ကောက်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့ဌာနဆိုင်ရာများနှင့် Myanmar Underwater Federation မှ ဦးဆောင်၍  နှစ်စဉ်ကျင်းပလျက်ရှိသည့် ကမ်းခြေစုပေါင်း အမှိုက် ကောက်ပွဲအား ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ ၊ ချစ်သူများကျွန်းရှေ့ ကမ်းခြေတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသတ်ဆေးသုံးစွဲသူများသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ရုံး (၆) ထပ်အဆောက်အဦး မင်္ဂလာပိုင်တိုင်ရိုက်ခြင်းအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCIရုံး (၆) ထပ် အဆောက်အဦး မင်္ဂလာပိုင်တိုင်ရိုက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြကျွန်းသာအိမ်ယာဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ပန္နက် (၉)ချက်ရိုက်၍ တိုင်စိုက်ခြင်းမင်္ဂလာပြုလုပ်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ ပြည်သူများအား ကွင်းဆင်းဆေးကုသပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယမန်နေ့ နံနက် ၈ နာရီက ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာသို့ ကွင်းဆင်းကာ  ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ စပါး မျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၆) ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြသီးနှံမျိုးစေ့ရောင်းဝယ်ရေးခန်းမတွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲနှင့် မြန်မာနိုင်ငံ မျိုးစေ့အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး