ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တတိယအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် မဲန္ဒရှင်စာရင်းများ ကပ်ထားကြေညာထား ရှိပြီးဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့လိုက်ပါ၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက် စံပယ် (၇) လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်း မြန်အောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထိန်းသိမ်းထားရှိမှု ကြည့်ရှုစစ်ဆေး

ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် ယမန်နေ့နံနက်က မြန်အောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့အားကြည့်ရှုစစ်ဆေး၍ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် မြန်‌အောင်ခရိုင်စုပေါင်းရုံးခန်းမ၌ တွေ့ဆုံဆွေး‌နွေးခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကံကြီးကျေးရွာအုပ်စု ကံကြီးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိမှုဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် သင်ထောက်ကူပြိုင်ပွဲအခမ်းအနား ကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အဆင့်သင်ထောက်ကူပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၌ကျင်းပရာ ခရိုင်ပညာရေးမှူး ဆရာကြီးဦးဘုန်းဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများက တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် မဲရုံနေရာအဖြစ် သတ်မှတ်ထားရှိသည် အဆောက်အဦဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။

လေးမျက်နှာမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတို့တွင် ယမန်နေ့နေ့လယ်ပိုင်းက  အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်ရှိ ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ‌နော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ယမန်နေ့နေ့လည် ၁ နာရီတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ အများပြည်သူစည်ကားရာနေရာများ၌ “ဒို့အတူတူမဲ‌‌ပေးကြမယ်” လက်ကမ်းစာစောင်များအားဖြန့်‌ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း ပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲ‌‌ပေးကြမယ်”လက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းအား ယမန်နေ့နံနက်ပိုင်းက အများပြည်သူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး