ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ရပ်ကွက် (၁)၊ ဘုရားကြီးလမ်းရှိ၊ သာရမဥ္ဇူသာမိုးကောင်း ဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများစတင်ဖြေဆို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကျင်းပသော ပါဠိပထမပြန်စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အမှတ် (၄) ရပ်ကွက်ရှိ  မြို့လယ်သံဓမ္မာရုံ၌ မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီမှစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ရွှေကျင်မြို့နယ် ပျဉ်းမပင်ရပ်ကွက် လေးထပ်ဘုန်းတော်ကြီးကျောင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေး တည်တံ့ပြန့်ပွားရေး၏ အခြေခံဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရန် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ရွှေကျင်မြို့နယ်တွင် မတ် ၂၉ ရက် မွန်းတဲ့(၁၂)နာရီမှ စတင် ကျင်းပလျက်ရှိသည်။

ကဝမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကဝမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော (၂၀၂၆)ခုနှစ် ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ)တန်း စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် (၁၂)နာရီက ကဝမြို့ စက်ကျောင်း ကျောင်းတိုက်၌ စတင်ဖြေဆိုသည်။

အုတ်ဖိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ်  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးထံမှသိရသည်။

ပန်းတောင်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုငွေများ ဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားကျင်ငယ်ရည်အသုံးပြုရွက်ဖျန်းမြေသြဇာ ပြုလုပ် အသုံးပြုပုံနည်းပညာပေးသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ မတ် ၂၈ ရက် နံ နက် ၉ နာရီက တုံးကြီးကျေးရွာအုပ်စု၊ သံဘိုကျေးရွာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၏ စီမံလမ်းညွှန်ချက်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး နွားကျင်ငယ်ရည် အသုံးပြုရွက်ဖျန်းမြေသြဇာ ပြုလုပ်အသုံးပြုပုံ နည်းပညာပေးလုပ်ငန်းသရုပ်ပြပွဲ ဆောင်ရွက်သည်။

နတ်တလင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆက်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မတ် ၂၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က နတ်တလင်းမြို့၊ ရွာမရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရည်အသွေးမြင့် ပေါ်ဆန်းမွှေးမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများစိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် ကံမြင့်ကျောင်းတိုက်၊ မြင့်မိုရ်ပရိယတ္တဗိမ္မာန်၌ ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး