ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သောကျေးရွာများ ငှက်ဖျားရောဂါကာကွယ်ရေး ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပဲခူးရိုးမတောင်ခြေနှင့် နီးစပ်သော ကျေးရွာများ၊ ရန်ကုန်-မန္တလေး အမြန်လမ်းအနောက်ဖက်ခြမ်းရှိ ကျေးရွာများအား ငှက်ဖျားရောဂါကာကွယ် နှိမ်နင်းရေးအတွက် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။