သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Indentity Card)များ ထုတ်ပေး
၂၀၂၆ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Indentity Card) များကို ယနေ့နံနက်(၁၀)နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာနများ၌ စတင်ထုတ်ပေးလျက်ရှိသည်။