ပေါင်းတည်၌ ဆီထုတ် စာအုပ် ကတ်များဖြင့်စနစ်တကျ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရပ်ရွာပြည်သူများသည် ဆီထုတ်စာအုပ်ဖြင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ဆီထုတ်ကတ်ပြားများဖြင့်လည်းကောင်း စားအုန်းဆီများကို ကိုယ်စားလှယ်ဆိုင်များမှ ဝယ်ယူနိုင်ကြောင်း သိရသည်။