ပဲခူးတိုင်းဒေသကြီး

သတင်းစာဆရာကြီး မိသားစုမှ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ အလှူရှင်သတင်းစာဆရာကြီး ဦးကျော်လှ(သမာဓိ)မိသားစုမှ ယမန်နေ့ နံနက်၇ နာရီခွဲက ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

နွေစပါးစိုက်ပျိုး တောင်သူများအား ပသိရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလ (၁၉) ရက်နေ့မှစတင်ပြီး တောင်ငူမြို့နယ် ပသိရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်ငူခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ကြို့ပင်ကောက်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးသရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေး မီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ပထဝီဝင်ဘာသာရပ်နှင့် Grade-5 သိပ္ပံဘာသာရပ် နှစ်ဆုံးစာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  Grade-9 သမိုင်းဘာသာရပ်နှင့် Grade-5 လူမှုရေးဘာသာရပ်ကို ယနေ့နံနက် ၉နာရီက ဆက်လက်ဖြေဆိုသည်။

သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော ပဲကြီးသီးနှံများစတင်ခူးဆွတ်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ပဲကြီးသီးနှံ (ဒေသမျိုး ၁၃၉ ဧက) စိုက်ပျိုးထားရှိပြီးဖြစ်ရာ ယခုအခါ စတင်ခူးဆွတ်ရိတ်သိမ်းလျက်ရှိလျက်ရှိသည်။

သာယာဝတီမြို့နယ်တွင် မြို့မဈေးနှင့် သုံးဆယ်မြို့၊မြို့မစျေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြို့မဈေးနှင့် သုံးဆယ်မြို့၊ မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီးများ၌ ပြုလုပ်ခဲ့ကြသည်။

ပန်းတောင်းမြို့နယ်၌ ရွှေညီနောင်အုပ်စုရွှေညီနောင်ကျေးရွာတွင် နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွှေညီနောင်အုပ်စု ရွှေညီနောင်ကျေးရွာတွင် နွေစပါးလျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးကို ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 လူမှုရေးဘာသာနှင့် Grade-9 သမိုင်းဘာသာတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သာယာဝတီခရိုင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်ရေးတွေ့ဆုံဆွေးနွေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင် ကျေးလက်လမ်း​ဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနနှင့်ဦးစီးဌာန၏ မူဝါဒများရည်မှန်းချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး