ပန်းတောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား ယမန်နေ့နံနက် ၉ နာရီက ထုံးဘိုကျေးရွာအုပ်စုနှင့် အနီးကျေးရွာများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။