ဖြူးမြို့နယ် အ-ထ-က(၂)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် Online ငွေကြေးလိမ်လည်မှုအကြောင်း အသိပညာပေးဟောပြော
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အ-ထ-က(၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကွမ်း၊ ဆေးလိပ်ကအစ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် Online ငွေကြေးလိမ်လည်မှုအကြောင်း အသိပညာပေးဟောပြောခြင်းကို စက်တင်ဘာလ (၉) ရက်နေ့၊ နံနက် (၈)နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။