ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် သာယာဝတီမြို့၌ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်သည် ယနေ့နံနက်ပိုင်းက သာယာဝတီမြို့ ဆရာစီခန်းမ၌ သာယာဝတီခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။