သာယာဝတီမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား လာရောက်ကြည့်ရှု
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများ အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ နေ့စဉ်လာရောက်ကြည့်ရှုကြကြောင်း သိရသည်။