မိုးညိုမြို့နယ်၌ကမ်းပါးပြို၍ပြောင်းရွှေ့ခဲ့သည့်မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုး သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။