ညောင်လေးပင်မြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းထွက်သီးနှံ(မြေပဲ) ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး နည်းပညာပေးသင်တန်းနှင့် မျိုး၊ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သမဝါယမအသင်းမှ ဆောင်းထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။