ပေါင်းတည်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်က ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၂ ကျောင်းအပါအဝင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။