သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၆၀၀၉၇၅၀၀၀၀) သိန်း ထုတ်ချေးပေးပြီးဖြစ်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ရွာသာယာကျေးရွာအုပ်စုနှင့် ကျေးသားကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။