၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။