ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ က လေးသူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ) တပ်မ တော်ရပ်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။