ဖြူးမြို့မရဲစခန်းမှ (၃၃) ကြိမ်မြောက် ဖြူးမြို့ပေါ်ရှိ သံဃာတော်၊ သီလရှင်များအား အရုဏ်ဆွမ်းလောင်းလှူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်၊ သီလရှင်များအား အရုဏ်ဆွမ်းအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ မြို့နယ်သံဃာ့ဒါနဆွမ်းလောင်းအသင်းဖွဲ့စည်း၍ မြို့လုံးကျွတ်နေ့စဉ်လောင်းလှူလျက်ရှိရာ ဖြူးမြို့မရဲစခန်းမှ (၃၃) ကြိမ်မြောက် ပါဝင်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၄) နာရီအချိန်မှ စတင်၍ မြို့မရဲစခန်းဝန်းအတွင်း လောင်းလှူခဲ့ကြောင်း သိရသည်။