တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ဒေသခံပြည်သူများမှ လာရောက်ဖူးမြော်ကြည်ညိုပြီး လက်ဝတ်ရတနာများနှင့် အလှူငွေများ လာရောက်လှူဒါန်း
မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၀ ရက်နေ့မှ စတင်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော်ယာယီစံကျောင်းတော်သို့ ပင့်ဆောင်၍ အပူဇော်ခံကြည်ညိုလျက်ရှိသည်။