ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ဇီးကုန်းကြီး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေစာရင်းထိန်းသိမ်းနည်းလမ်းများ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အမျိုးသားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် ယူ ၂၃ အမျိုးသားအသင်းသားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက (၅၈၁၆၃) စိုက်ပျိုးရန်လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး (၅၈၁၆၃) ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကွင်းအမှတ် (၄၅၅)ဦးပိုင်အမှတ် (၅၉/၂) ရှိ တောင်သူဦးမြင့်စိုး၏ လယ်မြေ (၃) ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇွန် ၃၀ ရက် နံနက်  ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာန၏ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  ရွာပုလဲကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးနှင့် ကိုက်ညီသော အစားအသောက်များသာရောင်းချရန် ကျောင်းမုန်းဈေးတန်းများအား တာဝန်ရှိသူများစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ပညာသင်ကြားနေကြသော ကျောင်းသား/ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးနှင့် အစားအသောက်များမှ ဖြစ်တတ်သော ရောဂါများအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(အိုးဘိုကုန်း)ကျောင်း မုန့်ဈေးတန်း၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ၌ ပျိုးပင် (၅၀၇) ပင်အား စုပေါင်းစိုက်ပျိုး

သုံးခွမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာအုပ်စု၊ မြို့ရှောင်လမ်း​ မိုင်တိုင် ၄/၄၊ ၄/၅ ကြားတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ” အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့‌‌နံနက် (၁၀:၀၀)နာရီအချိန်က “မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်ကလေးသူငယ်များအခွင့်အရေးဆိုင်ရာကော်မတီ” အစည်းအဝေးနှင့် အသိပညာ‌ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး