ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက်များအား ထပ်ဆင့်အသိပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးခန်းမတွင် စားသုံးသူရေးရာဆိုင်ရာ အသိပေးထုတ်ပြန်ချက် များအား ထပ်ဆင့်အသိပေးဟောပြောဆွေးနွေးကြသည်။

အုတ်ဖိုမြို့၌ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းပွဲကျင်းပ

‎ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ မေလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ လူငယ်ကင်းထောက်သင်တန်း ကျောင်းသား၊ ကျောင်းသူများ ရွှေမျက်မှန်ဘုရားကြီးအား ဖူးမြော်ကြည်ညို

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း (အရှေ့+အနောက်) မှ ကျောင်းသား၊ ကျောင်းသူ (၇၀) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယမန်နေ့နေ့လယ်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရား ကြီးအားဖူးမျော်ကြည်ညို၍ စခန်းချလေ့လာခဲ့ကြသည်။

သဲကုန်းမြို့နယ်၌ နိုင်ငံ့တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးဆွေး‌နွေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြည်တွင်းအခွန်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာ အကြောင်းများကို အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပသည်။

ရွှေတောင်မြို့နယ်၌ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးကြိုဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။

တောင်ငူမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေး ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မေ ၂၅ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြော်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်း (အရှေ့ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ (၆) ဦးလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့လာရောက် လေ့လာဖူးမြော်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲမှူး အေးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာနာ၊ ဌာနဆိုင်ရာများ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး