ဖြူးမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် Reversible Mouldboard Plough ဖြင့် ထွန်ယက်သရုပ်ပြ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းတွင် အသုံးပြုသော ခေတ်မီစက်ကရိယာဖြစ်သည့် Reversible Mouldboard Plough ဖြင့် ထွန်ယက်သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီချိန်က ကျီးမနိုကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာရှိ တောင်သူဦမောင်ဆန်း၏ စိုက်ဧက (၅) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။