ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား ကြပ်မတ်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ် အရောင်းဆိုင်များ၌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ လိုက်လံ ကြပ်မတ်ကြည့်ရှု စစ်ဆေးသည်။

ရွှေကျင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)ခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၆၆ ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

သာယာဝတီမြို့နယ် အခြေခံပညာကျောင်းများတွင် KG  မှ Grade-12  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အခြေခံပညာ KG မှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေးသီတင်းပတ် ပထမရက် ယနေ့ မေ(၂၅)ရက်မှစတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။

ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ရေတာရှည်မြို့နယ်အတွင်းရှိ နတ်ရေတွင်းကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်း လုပ်ငန်းရှင်များ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်း ရောင်းချသောလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယ​မန်နေ့က ​မြို့နယ်​အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ကြီးမှူးကျင်းပသော “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ” အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင် တရားရုံး၌ ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့မအုပ်စု၊ အမှတ်(၃) ရပ်ကွက်၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်သည်။

ကျောက်တံခါးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး