ပဲခူးတိုင်းဒေသကြီး

မိုးညိုမြို့နယ်၌ နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော ပြည်သူစစ်မှုထမ်းများအား ဂုဏ်ပြုကြိုဆို

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မိမိမြို့ရွာသို့ပြန်လည်‌ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းဆောင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြုပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသပေးခြင်းကို (၁၉.၅.၂၀၂၆) ရက်နေ့နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထန်းတပင်မြို့နယ်၌ KG နှင့် Grade-1 သင်တန်းသင်ကြားနေမှု လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့်အဖွဲ့ဝင်များသည် မေလ ၁၈ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ထန်းတပင်)၌ KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆင့်ပွားဆွေးနွေးပွဲသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့တွင် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစို့ လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့် လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်ကြစေရန်နှင့် ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် စာသင်အရွယ်အပိုင်းအခြားရှိကလေးများအားလုံး ကျန်ရှိမှုမရှိစေရန်ရည်ရွယ်၍  ယနေ့ နံနက်(၉)နာရီအချိန်က ညောင်လေးပင်မြို့နယ် ပျံကျစျေးအတွင်းရှိ စုရပ်အလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ရွှေကျင်မြို့တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့များပူးပေါင်း၍  စာရေးဆရာဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် "ရွှေရောင်ခေတ်၏ ရတနာလေးများနှင့် ကလေးဝတ္ထုတိုများ" စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ ရောက်ရှိနိုင်ရေးအသိပညာပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့မစျေးတို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ ရောက်ရှိနိုင်ရေးအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၆ ဘဏ္ဍာနှစ်မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မြေပြုပြင်ထွန်ယက်ခြင်း လုပ်ငန်းဆောင်ရွက်

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများတွင် မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ် ၂၀၂၆ ခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန် အရိပ်ရပျိုးပင်နှင့် သီးပင်စားပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထား

နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊​ မြို့နယ်သစ်တောဦးစီးဌာနရုံး မြို့မပျိုးဥယျာဥ်၌ ၂၀၂ ၆ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ဖြန့်ဝေစိုက်ပျိုးရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြသည်။

သနပ်ပင်မြို့နယ် ကမာဖရံရွာကျေးတွင် နယ်လှည့်အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကမာဖရံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး