ပဲခူးတိုင်းဒေသကြီး

ဇီးကုန်းမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်သုံးဦးအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြပြီး ဇီးကုန်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်သုံးဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေး၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ပန်းကုံး၊ ပန်းစည်းများနှင့် ဂုဏ်ပြုဆုငွေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ​ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ်၌ မြို့နယ်ဂုဏ်ဆောင် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် (နှစ်ထပ်ကွပ်လူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ နေပြည်တော်လူရည်ချွန်စခန်း လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၅ − ၂၀၂၆ ပညာသင်နှစ် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိသုခရပ်ကွက်၊ ရန်ကုန် ပြည်လမ်းနေ အဖ ဦးစန်းယု၊ အမိ ဒေါ်အိအိမွန်တို့၏သားဖြစ်သူ မောင်ဇော်ရဲထွဋ် အခြေခံပညာအထက်တန်းကျောင်း (အင်းမ) Grade – 12 မှ (နှစ်ထပ်ကွမ်းလူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့က အင်းမမြို့အဝင် မြို့ဦးဂိတ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအား  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁)နာရီအချိန် ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ လူရည်ချွန်စာသင်ဝိုင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းခရိုင်အတွင်းရှိ စားအုန်းဆီများနှင့် ဘူးသွပ်ဆီများ စျေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ မြို့နယ်များအတွင်းရှိ ပြည်သူများအား ဖြန့်ဝေနေသောစားသုံးဆီ လက်လီ / လက်ကားဆိုင်များသို့ စျေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး စာအုပ်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် အပြည့်အဝရရှိစေရန် ဌာနမှလမ်းညွှန်ထားသော မှန် (၆) မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိုင်းများဖြင့် ချိတ်ဆွဲရောင်းချရန် ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက လက်စွပ်ကျကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး