ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ "ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက ရွှေသာလျောင်းဘုရားလမ်းဆုံနှင့် လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

မိုးညိုမြို့နယ်၌ ဌာနဆိုင်ရာများစု‌ပေါင်း၍ ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ဌာဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့စုပေါင်း၍ "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် မြို့မဈေးအပါအဝင် လူစည်ကားရာနေရာများ၌ ဖြန့်ဝေ‌ပေးခဲ့သည်။

နတ်တလင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" Billboard များ စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းကို ယ‌နေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး ရွှေလင်းခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ ဖေမြင့်၏ “ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

မင်းလှမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြိုမဈေးရှေ့နှင့် ဗိုလ်ရုံတန်းလမ်းမတို့၌ ဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်း စာမေးပွဲဖြေဆိုပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ထူးချွန်ထက်မြက်သောလူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက်အားထားရမည့် အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစိစစ်​ခြင်းစာမေးပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ တောင်ငူမြို့၊ အ.ထ.က(၄)၌ ကျင်းပလျက်ရှိရာ ယနေ့တွင် စာမေးပွဲ ဖြေဆိုပြီးစီးသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရိုဘတ်စတာကော်ဖီနှင့် ဝဥ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းက ရိုဘတ်စတာကော်ဖီနှင့် ပြည်ပ ပို့ကုန်အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးသူလုပ်ငန်းရှင်များ၊ သစ်မာစိုက်ခင်းလုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ခင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံအသိပညာပေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ဖြူးမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အသိပညာများရရှိစေရေးနှင့် ငယ်စဉ်အရွယ်မှစ၍ စာဖတ်သည့်အလေ့အကျင့်များရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကို ဒိုင်းတရာကျေးရွာ၊ ဒိုင်းတရာ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပြွန်တန်ဆာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူး၍ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူးကျင်းပသော အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး