ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့၌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို အ.ထ.က(ကြို့ပင်ကောက်) ကျောင်းတွင် ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။