မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နွေစပါးဧက (၁၄၂၈၄) စိုက်ပျိုးပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်ပျိုးရန် လျာထားချက်ဧက (၁၄၂၈၄) ရှိရာ ကံတင်ဘီးလင်းဆည်၊ မင်းလှဆည်နှင့်မုက္ခာဆည်တို့မှ ရရှိသောစိုက်ပျိုးရေဖြင့်လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။