ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးရွာများ ဂဝံခင်းခြင်းလုပ်ငန်း၊ ကတ္တရာလမ်းအား နိမ့်မြင့်ခြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းများအား ကွင်းဆင်းစစ်ဆေး

ဧပြီလ ၄ ရက်နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒိုက်ဦးမြို့နယ်၊ သုံးခွကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၉၆.၇၁၃) သန်းဖြင့် ဆောင်ရွက်သည့် သုံးခွကျေးရွာ ရွာတွင်းလမ်း၊ ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ထိုမှတဆင့် ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စုရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄၅)သန်းဖြင့် ဆောင်ရွက်သည့် ပလစ်ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဆက်လက်၍  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လမ်းဦးစီးဌာနမှ ဆောင်ရွက်သည့် ဒိုက်ဦး-အုတ်ရှစ်ကုန်းလမ်း (၂/၄)မှ (၃/၄)ထိ (၁)မိုင်အတွင်း ၁၈ပေအကျယ်ကတ္တရာလမ်းအား နိမ့်မြင့်ခြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးသည်။

မင်းလှမြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ အကြိမ် (၄၀)မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အကြိမ်(၄၀)မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အမှတ်(၃)ရပ်ကွက်၊ မဟာသန္တာဝါသသာသနာ့ဗိမ္ဗာန်တော်၌ ကျင်းပပြုလုပ်သည်။

ပြည်မြို့ ပြည်သူ့‌ဆေးရုံကြီး၌ အပူဒဏ်‌ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ

ပဲခူးတိုင်း‌ဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့ကစ၍ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအား ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

နတ်တလင်းခရိုင်အတွင်းရှိ စားအုန်းဆီများနှင့် ဘူးသွပ်ဆီများ စျေးနှုန်းမြှင့်တင်စွာ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် အတွင်းရှိမြို့နယ်များတွင် ပြည်သူများအားဖြန့်ဝေနေသော စားသုံးဆီလက်လီ/လက်ကားဆိုင်များသို့ စျေးနှုန်းမြှင့်တင်စွာရောင်းချခြင်းမရှိစေရေး စာအုပ်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက်အပြည့်အဝရရှိစေရန် ဌာနမှလမ်းညွှန်ထားသော မှန် (၆)မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိုင်းများဖြင့်ချိတ်ဆွဲရောင်းချရန် ယမန်နေ့ နေ့လယ်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ယိမ်းအကအဖွဲ့များက ကြိုတင်လေ့ကျင့်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့မှာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအကအဖွဲ့အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ အရေည်အသွေးကောင်းစပါး ရေဆင်းပေါ်ဆန်းမျိုးများ စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရေည်အသွေးမြှင့်ပေါ်ဆန်းမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ်အရည်အသွေးကောင်းရေဆင်းပေါ်ဆန်းမျိုးများစိုက်ပျိုးထားရှိရာ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် အရည်အသွေးကောင်းရေဆင်း ပေါ်ဆန်း (၁) ၂၀ဧကနှင့် ရေဆင်းပေါ်ဆင်း(၂) ၂၆ ဧကကို မျိုးစေ့ထုတ်လုပ်ရန်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်ဆွေသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားအရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရစားအုန်းဆီများရောင်းချပေးမှု ရှိ/မရှိအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်ခရိုင်စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှတာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ပေါ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ ပြည်သူများထံ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ခွဲတမ်းရ စားအုန်းဆီများရောင်းချပေးမှု ရှိ/မရှိအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

သာယာဝတီ၌ ရေဆင်းပေါ် ဆန်းစပါးခင်းများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးစိုက်မျိုးရာသီ၌ သင်တောရိုးကျေးရွာအုပ်စုရှိ ရေဆင်း‌ပေါ်ဆန်း(၁)(၇.၅) ဧကနှင့်ရေဆင်းပေါ်ဆန်း(၂) (၂.၅)ဧက စုစုပေါင်း(၁၀ဝ)ဧက မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး