စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး တက်ရောက် 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှု ပြည်သူများလာရောက်ကြည့်ရှုမှု ပိုမိုများပြားလာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာမှုကို နိုဝင်ဘာ ၂၁ ရက်မှစတင်ကာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရာ ပြည်သူများလာရောက်ကြည့်ရှုမှု ပထမအကြိမ်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

အရာတော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို နိုဝင်ဘာလ ၂၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။

စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ‌ဟောပြောပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ်ကျောင်း၊ ပရဟိတပညာရေး အကယ်ဒမီကျောင်း၌ ကျင်းပပြုလုပ်သည်။

ကလေးဝမြို့တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

ချောင်းဦးမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်/ကျေး ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယမန်နေ့နံနက်၉နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကြွေပြားကပ်လုပ်သား အဆင့် (၁) သင်တန်းနှင့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၃ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အရာတော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး