ကလေးဝမြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း များ မှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာ ၂၁ ရက်က မြို့ပေါ် (၃) ရပ်ကွက်ရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခဲ့သည်။