စစ်ကိုင်းတိုင်းဒေသကြီး

လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့်နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ လေရှီးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လေရှီးမြို့၊ အထကကျောင်း၊ သီတဂူဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

နာဂဒေသလေရှီးမြို့၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာ အုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးယားပေါ့၏လယ်  ကွင်းအမှတ်(OSS-3)၊ ဦးပိုင်အမှတ်-၇၀ တွင် စိုက်ပျိုးထားသော မိုးစပါး တစ်ဧကတင်း(၁၀၀)ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

နာဂဒေသ နန်းယွန်းမြို့တွင် မျိုးစေ့၊ ပျိုးပင်ပေးအပ်ပွဲနှင့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ၂၀၂၅-၂၀၂၆ ခုနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံချက်ဖြင့် မျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ (အခမဲ့) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မူလတန်းကြိုကျောင်း၌ ကျင်းပရာ စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

တမူးမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

တမူးမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ (၈) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့မအုပ်စု ၂၅၅ (A) ကွင်းရှိ တောင်သူ ဦးတင်ဆိုင်၏ ဦးပိုင်အမှတ်-၃၇တွင် စိုက်ပျိုးထားသော မှော်ဘီ (၂) စပါးမျိုးစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး (၀.၁၀) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ (၁၂) တင်းထွက်ရှိ၍ တစ်ဧက(၁၂၀)တင်း (အစို) ထွက်ရှိခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၁၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဧက ၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၏ (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဘက်စုံသုံးခန်းမတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခဌာနမှူများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ စာတမ်းရှင်များ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး  

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ အလျား ပေ ၁၀၀ ၊ အနံ ပေ ၁၀၀ ၊ Steel Structure တစ်ထပ် ဈေးရုံသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများစံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကို မှာကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး