စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့တွင် သန့်ရှင်း၍စိမ်းလန်းစိုပြေသော ကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများ အခြေခံစံနှုန်းနှင့် သတ်မှတ်စည်းကမ်းချက်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထန်ပါခွေမြို့၌ အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် (၁၁)နာရီအချိန်က အသက်(၅)နှစ်အောက် ကလေးသူငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့  ဆောင်ပုဒ်ဖြစ်သော “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဆိုင်းဘုတ်ကို စက်တင်ဘာ (၁၂)ရက်နေ့ ညနေ (၄)နာရီက ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့တော်ခန်းမအနီး ဗိုလ်ချုပ်လမ်းအနောက်ဘက် ရွှေယက္ခကန် အရှေ့တောင်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။

လေရှီးမြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ‌နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီအားကစားကွင်း၌ ယနေ့ညနေ ၄ နာရီ ၃၀ မနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက  စက်တင်ဘာ (၁၂)ရက်နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စက်တင်ဘာ  ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီက ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းပြုလုပ်ခဲ့သည်။

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အ.ထ.က(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ အဋ္ဌမအကြိမ် တီထွင်ဖန်တီးမှုပြ ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) အဋ္ဌမအကြိမ် တီထွင်ဖန်တီး မှုပြပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်း သဘင်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို တတိယအကြိမ်ပေးအပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများအားတတိယအကြိမ်ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဒုတိယနေ့အဖြစ်ဆက်လက်‌ပေးအပ်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး