စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ မဟာစေတီလှဘုရာကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှု၊ မဟိယင်္ဂဏစေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။