စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက် ပညာသင်တန်း(၂/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများဆက်လက် ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဗောဓိတောရကျောင်းတိုက် ဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား ထုံးသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ‌‌ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးမြေပဲနုတ်ယူ ဆွတ်ခူးချိန် နေ့စားလုပ်သားများ ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော မိုးမြေပဲများ နုတ်ယူဆွတ်ခူးချိန် နေ့စားလုပ်သားများ ဝင်ငွေရရှိနေကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅-၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

တမူးမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အေးချမ်းဝေစည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၅ )ဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ရွှေဘိုမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။            

ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်း‌‌ပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာသာမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့နယ်ရှိ မူကြိုကျောင်းများတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပုဂ္ဂလိကမူကြိုကျောင်းများရှိ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်များဖြစ်သည့်မီးဘေး၊ ရေဘေး၊ ငလျင်ဘေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်းရှိ မူကြိုကျောင်းများတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ  ဩဂုတ် ၂၅ ရက် နံနက် ၁၀နာရီတွင် ရွှေဘိုမြို့  အမှတ် (၃) ရပ်ကွက်၊ TWINKLE ပုဂ္ဂလိကမူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးနှင့်ဆရာမများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မီးဘေး၊ ငလျင်ဘေးနှင့် ရေဘေးဆိုင်ရာများအား အသိပညာပေးဟောပြောပြီး ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မြတ်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်ပစ္စည်း (Rescue Tool) များအသုံးပြုမှုနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး