စစ်ကိုင်းတိုင်းဒေသကြီး

အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီခွဲက အထက (ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူ ဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။

ကျွန်းလှမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာ ဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ  သင်တန်းခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မုံရွာမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မုံရွာမြို့ပေါ်အတွင်းလမ်းသွားလမ်းလာကြသော ပြည်သူများအတွက် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများတဆကို ယမန်နေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကိုင်းတိုင်း​ဒေသကြီးစည်ပင်သာယာ​ရေးအဖွဲ့ရုံး​ရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက အောင်ဆန်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၇/၂၀၂၅) အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၇/၂၀၂၅) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင်  တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး