စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ မိုးမြေပဲစံကွက်ရိတ်သိမ်း တစ်ဧက အစိုထွက် ၇၂ တင်းကျော်ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးသော မိုးမြေပဲ အထွက်နှုန်းသိရှိစေရန်အတွက် ယနေ့နံနက် ၈ နာရီက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၄)၊ တောင်သူ ဦးတင်ဌေးဝင်း၏ မကွေး (၁၆) မြေပဲမျိုးစိုက်ခင်း (၃) ဧက၌ စံကွက်ရိတ်သိမ်းကြောင်း သိရသည်။

ကလေးမြို့၌ အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲကို ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကလေးခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ချက်ပြုတ်နိုင်မှုစွမ်းရည်ပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက၊ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပခဲ့သည်။

ကန့်ဘလူ၌ မူလတန်းကြိုနေ့ ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ဖွင့်လှစ်ထားရှိသည့် အစိုးရ/ပုဂ္ဂလိက မူလတန်းကြိုနေ့ကလေးထိန်းကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နာဂဒသလဟယ်မြို့တွင် ဒေသရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန် နာဂဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လဟယ်မြို့တွင် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒသလဟယ်မြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် အပတ်စဉ် တနင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ဌာနမှ ကြီးမှူးဖွင့်လှစ်သော (၉)ကြိမ်မြောက် ဗုဒ္ဓမာမကအပတ်စဉ်တ‌‌နင်္ဂနွေဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင်/ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

ဟုမ္မလင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား‌၊‌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးခရိုင်/မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများနှင့် မသန်စွမ်းသူများအား ကျောင်းသုံးစာရေးကိရိယာနှင့် အလှူငွေများ သွားရောက်ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်/မြို့နယ် အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းပြတိုက်တွင် ပြသထားသည့် ချင်းတိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက်ရိုးရာဓလေ့ဝတ်စားဆင်ယင်မှုနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများကို လေ့လာခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအတွက် စာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေ ၂ဝဝဝဝဝ ကျပ်အား ပေါင်ကျင့်ဟောက်ပါရှန်စောန်း တမန်တော်မြတ် မိုးလင်းရှောင်စောင်းဆရာတော်ကြီးထံ ပေးအပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲ မုံရွာတက္ကသိုလ်တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စကာားရည်လုပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော် တက်ရောက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး