စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာစာသင်ကျောင်းများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်များ(အခမဲ့) ငှားရမ်းပေး
စစ်ကိုင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာစာကျောင်းများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်များ(အခမဲ့)ငှားရမ်းပေးခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်း (ရွှေမင်းဝံ)တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။