ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ 

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့ နှင်းဆီရွှေဆိုင်ကို သေနတ်ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၂) ရပ်ကွက်၊ လွိုင်မွေလမ်း၊ နှင်းဆီရွှေဆိုင်ကို မေ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားသည့် လူငယ်သုံးဦး (Click) ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်း မှန်ဘီရိုအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်းသိရသည်။

ဇလွန်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ညောင်ပင်သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု (Community Center) ခန်းမ၌ အိမ်တွင်းမှုသင်တန်း ဖွင့်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု (Community Center) ခန်းမ၌ အိမ်တွင်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း( ရွာဟောင်း)ကျေးရွာ ကွင်းအမှတ်( ၄၀၈)၊ ရွာဟောင်းကွင်း ဦးပိုင်အမှတ် ( ၅၃ခ/ ၁) တောင်သူဦးကျော်ဌေး၏နွေစပါး (YAR-14)(၁.၁၇)ဧကတွင် ယနေ့ နံနက်ပိုင်းက နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

ပူတာအိုမြို့၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ဒေသထွက် သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သ‌င်္ဘောသီး၊ ဘုရင်သီး၊ မနီလာသီးစသည်တို့အား ကျန်းမာ‌ ရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ(၁၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် နယ်မြေ(၃) အေဂျီအသင်းတော် ဆန်းဒေးစကူးလ်ခန်းမဆောင်၌ ကျင်းပသည်။

မိုင်းဆတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။

သန်လျင်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သန်လျင်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်အချိန်ခန့်က သန်လျင်မြို့နယ် အထက (၃) ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

လူရည်ချွန်စခန်း(ချောင်းသာ)မှ တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ လူရည်ချွန်စခန်း(ချောင်းသာ)တွင် မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်(၁၃၇)ဦးနှင့် ကြီးကြပ်ဆရာ၊ ဆရာမများသည် ဧပြီလ(၂၇)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန်‌ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတများလေ့လာခြင်း၊ ကမ်းခြေတွင်အပမ်းဖြေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မန်ကန်မြို့၌ “ဝ”စာပေနှင့် ယဉ်ကျေးမှု သင်ယူနေသော ကျောင်းသား/သူများအား စာရေးကိရိယာ ထောက်ပံ့ခြင်းနှင့် အဟာရမုန့်၊ ရွှေရင်အေးများ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် “ဝ”စာပေနှင့် ယဉ်ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို ဌာနဆိုင်ရာနှင့် အလှူရှင်များ စုပေါင်း၍ အဟာရမုန့်နှင့် ရွှေရင်အေးတိုက်ကျွေးခြင်း၊ စာရေးကိရိယာများ ထောက်ပံ့ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မန်ကန်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်း၌ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ