ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်းပူဇော်ပွဲ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒုတိယအကြိမ်မြောက် တနိုင်းမြို့နယ်လုံးဆိုင်ရာ သံဃဒါနသလာကဘတ္တစာရေးတံမဲလှူဒါန်း ပူဇော်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခွဲက တနိုင်းမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုဗဟို (မြို့မ) ကျောင်းတိုက်၌ လှူဒါန်းပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။