ပူတာအိုမြို့နယ်၌ စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကြဲပက်ခြင်းကွင်းသရုပ်ပြသဆောင်ရွက်
ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် တောင်သူများအား မျိုးကောင်းမျိုးသန့် ဖြန့်ဝေပေးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မျိုးစေ့ထုတ် စိုက်ခင်းအား စပါးအထွက်နှုန်းတိုးတက်လာစေရေးအတွက် စူပါအီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ကွင်းသရုပ်ပြကြဲပက်ခြင်းကို ဩဂုတ်(၃၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် မတ်ပန်ကွင်းရှိ မြို့နယ်စိုက်ပျိုးရေးဌာနပိုင် လယ်မြေငါးဧက၌ ကျင်းပသည်။