ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မိုင်းခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ စခတ(၃)မှ ဗိုလ်မှူးကြီး ဇော်မြင့်ဦး၊ ကပစ (၁၀)မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုန်းတင့်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၊ မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တာယ်ဆိုင်ရာ တုန့်ပြန်နိုင်ရေး (Table -Top Exercise) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ် မြို့နယ်၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုန့်ပြန်ရေးဆိုင်ရာ (Table-Top Exercise) ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile libraryစနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် မြို့နယ်စင်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြန်မာ့စာတိုက်လုပ်ငန်းရုံးများသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့၌ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ အမှတ် (၃) လမ်းတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကုန်ထုတ်လမ်း၌ကျင်းပခဲ့သည်။

ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဆဒုံးမြို့၌ ခေါပုတ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသအစားအစာဖြစ်သော ခေါပုတ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချသူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ပညာလိုလျှင် ပျိုမျစ်တယ်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ လှည့်လည်ရောင်းချပေး

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၁၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများ တွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့် ကျောင်းဆောင် များအား ပြင်ဆင်ပေးခြင်း ၊ကျောင်းဥပဓိရုပ ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်း များကာရံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ