ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံးတို့အား တက်ရောက် ဖွင့်လှစ်ပေး
ခရိုင်အဆင့်တိုးမြှင့်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျုံပျော်ခရိုင်ရုံးနှင့် မြန်အောင်ခရိုင်ရုံး ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျုံပျော်မြို့နယ်နှင့် မြန်အောင်မြို့နယ်တို့၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။