ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေမြင့်တက်၍ ယာယီရေဘေးရှောင်စခန်းများသို့ ခိုလှုံနေသည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေသည့် အိမ်ထောင်စုခြောက်စုအား ညောင်ဦး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ယနေ့နေလယ် ၁နာရီအချိန်က ရေဘေးရှောင်စခန်းသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။