ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကာသာမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပေါင်းစုံ မိုးရာသီ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မီတာ (၄၀၀) ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။